• HONDA NEW WAVE 100ဆိုင်ကယ်စမ်းသပ်မောင်းနှင်ပွဲ(တောင်ငူမြို့)

    18/01/2020

    HONDA WAVE 100 ဆိုင်ကယ်စမ်းသပ်စီးနင်းမောင်းနှင်သည့်အခမ်းအနား( Test Ride Event) ကို ၁၈-     ၀၁-၂၀၂၀ မှ ၁၉-၀၁-၂၀၂၀ ရက်ထိတွင် ကန်တော်ကြီးပန်းခြံအတွင်း၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊(၁၁)ရပ်ကွက်၊ တောင်ငူမြို့တွင် နံနက် ၉:၀၀ နာရီမှ ညနေ ၃:၀၀နာရီအထိ (၂ )ရက် တိုင်တိုင် ကျင်းပခဲ့ပါသည်။ပါဝင်ဆင်နွှဲကြသူများအတွက်လည်း HONDA WAVE 100 ဆိုင်ကယ်အသစ်ကိုစမ်းသပ်စီးနင်းမောင်းနှင်ခွင့်နှင့် ကံစမ်းမဲအထူးအစီအစဉ်များ အပြင်မည်သည့်တရုတ်ဆိုင်ကယ် အမျိုးအစားကိုမဆို HONDA Engine Oil အခမဲ့လဲလှယ်ခွင့်နှင့် စစ်ဆေးပြုပြင်ခြင်းများအတွက် လက်ခ FREE ဝန်ဆောင်မှုပေးခဲ့သည်။အထူးကံစမ်းမဲအနေဖြင့် GL-AMMK ကနေပြီးတော့ ပွဲရက် (၂) ရက်အတွင်းဝယ်ယူလျှင် 20% Down Payment ဖြင့်အတိုးနှုန်းသက်သာစွာ ဝယ်ယူခွင့် စသည် ပျော်ရွှင်ဖွယ်အထူးအစီအစဉ် များနှင့်ရောင်းချခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။