• HONDA WAVE 100 ဆိုင်ကယ်စမ်းသပ်မောင်းနှင်ပွဲ (တောင်ကြီး)

    27/07/2019
    တောင်ကြီးမြို့တွင် HONDA New WAVE 100 ဆိုင်ကယ်စမ်းသပ်မောင်းနှင်နိုင်သည့်အခမ်းအနား (Test Ride Event) ကို မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀နာရီ အထိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ကြီးမြို့တွင် ၂၇. ၀၇. ၂၀၁၉ မှ ၂၈. ၀၇. ၂၀၁၉ အထိ (၂) ရက်တိုင်တိုင်ကျင်းပခဲ့ပါသည်။ ပါဝင်ဆင်နွှဲကြသူများအတွက် HONDA New WAVE 100 ဆိုင်ကယ်မော်ဒယ်အသစ်ကိုစီးနင်းခွင့်နှင့် ဗလာမပါအထူးကံစမ်းမဲအစီအစဉ်များအပြင် မည်သည့်တရုတ်ဆိုင်ကယ်အမျိုးအစားမဆို “Honda Engine Oil” အခမဲ့လဲလှယ်ခွင့် နှင့် စစ်ဆေးပြုပြင်ခြင်းများအတွက် လက်ခ FREE ဆောင်ရွက်ပေးခဲ့ပါသည်။ အထူးအစီအစဉ်အနေဖြင့် GL- AMMKမှ ပွဲရက် (၂)ရက်အတွင်း မည်သည့် Honda ဆိုင်ကယ်အမျိုးအစားမဆို ၀ယ်ယူလျှင် 20% Down Payment ကို အတိုးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ခွင့်စသည့် အထူးအစီအစဉ်များ နှင့် ရောင်းချခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။