• HONDA NEW WAVE 100 ဆိုင်ကယ်စမ်းသပ်မောင်းနှင်ပွဲ(မကွေးမြို့)

    31/08/2019

    မကွေးမြို့တွင် HONDA NEW WAVE 100 ဆိုင်ကယ်စမ်းသပ်မောင်းနှင်နိုင်သည့်အခမ်းအနား (Test Ride Event) ကို နံနက် ၉း၀၀ နာရီ မှ ညနေ၃း၀၀နာရီအထိမကွေးတိုင်းဒေသကြီးအားကစားကွင်း၊အောင်ချမ်းသာရပ်ကွက်၊ မကွေးမြို့တွင် ၃၁.၀၈.၂၀၁၉ မှ ၀၁.၀၉. ၂၀၁၉အထိ (၂) ရက်တိုင်တိုင်ကျင်းပခဲ့ပါသည်။ပါဝင်ဆင်နွှဲကြသူများအတွက် HONDA NEW WAVE 100 ဆိုင်ကယ်မော်ဒယ်အသစ်ကိုစီးနင်းခွင့်နှင့် ဗလာမပါအထူးကံစမ်းမဲအစီအစဉ်များအပြင်မည်သည့်တရုတ်ဆိုင်ကယ်အမျိုးအစားမဆို “Honda Engine Oil” အခမဲ့လဲလှယ်ခွင့် နှင့် စစ်ဆေးပြုပြင်ခြင်းများအတွက် လက်ခ FREE ဆောင်ရွက်ပေးခဲ့ပါသည်။ အထူးအစီအစဉ်အနေဖြင့် GL- AMMKမှ ပွဲရက် (၂)ရက်အတွင်း မည်သည့် Honda ဆိုင်ကယ်အမျိုးအစားမဆို ၀ယ်ယူလျှင် 20% Down Payment ကို အတိုးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ခွင့်စသည့် အထူးအစီအစဉ်များ နှင့် ရောင်းချခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။